စာဖတ်ရှိန်မြှင့်တင်ရေး ကျောင်းသားလူငယ်များနှင့်စာဖတ်ဝိုင်းဆွေးနွေးကျင်းပ

ရမည်းသင်း    ဧပြီ  ၄

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Book Club အသင်းနှင့်ကျောင်းသား လူငယ်များပူးပေါင်း၍စာဖတ်သည့် အလေ့အကျင့်ကောင်းများနှင့် စာပေအသိပညာများ ပြန်လည်မျှဝေတတ်စေရန် စာဖတ်ရှိန်မြှင့်တင်ရာတွင် ကျောင်းသား၊ ကျောင်းသူများနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို  ယနေ့နံနက် ၉ နာရီခွဲအချိန်က ရမည်းသင်းခရိုင် ပြန်/ဆက်ရုံး၊ လူထုအခြေပြုဗဟိုဌာန၌  ကျင်းပပြုလုပ်သည်။

ရှေးဦးစွာရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက စာဖတ်ရှိန်မြှင့်တင်ရေးကျောင်းသားလူငယ်များ စာပေဖတ်ရှုသည့် အကျိုးကျေးဇူး၊ စာဖတ်သည့်အလေ့အကျင့်ကောင်းရရှိစေပြီး အပြန်အလှန်ဆွေးနွေးတတ်စေရန်တို့ကို ရှင်းလင်းပြောကြားကာ အားလပ်ရက်များတွင် ရမည်းသင်းခရိုင် ပြည်သူ့စာကြည့်တိုက်ရှိ သုတ/ရသစာပေကောင်းများ လာရောက်ဖတ်ရှုကြရန် ရှင်းလင်းပြောကြားသည်။

ထို့နောက် ရမည်းသင်းခရိုင်ပြန်/ဆက်၊ ဒုတိယဦးစီးမှူး ဒေါ်နှင်းယုအေးကယဉ်ကျေးလိမ္မာ အနာဂတ်ရတနာနှင့် အခြားဝတ္ထုတိုများစာအုပ်မှ စာရေးဆရာမြတ်ဝေတိုး (ပညာရေးတက္ကသိုလ်) ရေးသားသည့်" ဂိမ်းကစားခြင်း၏နောက်ဝယ်" ဆောင်းပါးကိုဖတ်ကြားပြီး တက်ရောက်လာသည့် ကျောင်းသားလူငယ်များမှ စွဲမက်စေသည့်ဂိမ်းကစားခြင်းကို ကျောင်းသား၊ကျောင်းသူတစ်ဦးချင်း ရှေ့ထွက်ကာအမြင်ခြင်းဖလှယ်ကာပြန်လည်မျှဝေခဲ့ကြကြောင်း သိရသည်။

ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)