ပင်းတယ ဧပြီ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာအတာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ ၂ တွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာမဟာအတာသင်္ကြန်ပွဲတော်ကျင်းပရေး ဦးစီးနာယက၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းမှ ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာအတာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်နိုင်ရေး၊ သင်္ကြန်ရေကစားမဏ္ဍပ်များ တည်ဆောက်၍ ယိမ်းအကပြိုင်ပွဲများ၊ ဖျော်ဖြေရေးအစီအစဥ်များ၊ ပြည်သူများ အေးချမ်းစွာရေကစား နိုင်ရေးစသည်ဖြင့်အဖွင့်အမှာစကားပြောကြားပေးသည်။
ထိုနောက် အစည်းအဝေးသို့ တက်ရောက်လာသည့် အခမ်းအနားပြင်ဆင်ရေး၊ ဧည့်ခံကျွေးမွေးရေး၊ ဖျော်ဖြေရေး၊ အမှတ်အကဲဖြတ်၊ လမ်းလျှောက်သင်္ကြန်ဖြစ်မြောက်ရေး၊ ကျန်းမာရေး စသည့်ဆပ်ကော်မတီများ၊ ဒေသအဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ရပ်မိရပ်ဖများ၊ ပရဟိတအသင်းအဖွဲ့များက သင်္ကြန်ပွဲတော်တွင် ဆောင်ရွက်သွားမည့် အခြေအနေများအား တင်ပြဆွေးနွေးခဲ့ရာ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များကို ဖြည့်စွက်ပြောကြားပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားပေးခဲ့ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)