ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ မသန်စွမ်းသူမှတ်ပုံတင်လက်မှတ်နှင့် ထောက်ပံ့ငွေပေးအပ်

ဟိုပုံး ဧပြီ ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် မသန်စွမ်းသူမှတ်ပုံတင်လက်မှတ်နှင့် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ မသန်စွမ်းသူမှတ်ပုံတင်လက်မှတ်နှင့် ထောက်ပံ့ငွေပေးအပ်ရာတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ မသန်စွမ်းသူ မြို့ပေါ်(၃၃)ဦးနှင့် ကျေးရွာအုပ်စု(၁၆)ဦး စုစုပေါင်း(၄၉)ဦးတို့ကို တစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ်(၁၄၇၀၀၀၀)တို့ကို အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)