မုံးကိုးမြို့တွင် Asian Harm Reduction Network အဖွဲ့အစည်းတို့က အမျိုးသမီးများနှင့်ပတ်သက်သော သားအိမ်ခေါင်းကင်ဆာ သိမှတ်စရာဟောပြောပွဲနှင့် သားအိမ်စစ်ဆေးခြင်းပြုလုပ်

မုံးကိုး ဧပြီ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် Asian Harm Reduction Network အဖွဲ့ဝင်ဖြစ်သော ဒေါက်တာကျော့၊ ဒေါက်တာစိမ့်၊ ဆရာမလဲ့နှင့် ဆရာမထွယ်တို့က အမျိုးသမီးများနှင့်ပတ်သက်သော သားအိမ်ခေါင်းကင်ဆာ သိမှတ်စရာဟောပြောပွဲနှင့် သားအိမ်ခေါင်းကင်ဆာအကြိုအဆင့် စစ်ဆေးခြင်းကို ယနေ့မနက် ၁၀ နာရီအချိန်တွင် ပြုလုပ်ခဲ့သည်။

AHRN အဖွဲ့ဝင်ဒေါက်တာကျော့က အမျိုးသမီးသားအိမ်ခေါင်းကင်ဆာအကြောင်း သိမှတ်စရာများကို ပြောကြားခဲ့ပါသည်။ သားအိမ်ခေါင်းဆိုတာဘာလဲ၊ သားအိမ်ခေါင်းကင်ဆာက ဘယ်လိုဖြစ်တာလဲ၊ ဘယ်သူတွေမှာ သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်သလဲ၊ မည်သို့လက္ခဏာခံစားရသလဲ၊ ကာကွယ်လို့ရလားအစရှိသည့် ခေါင်စဉ်များဖြင့်ဟောပြောပွဲကို ကျင်းပခဲ့ကြသည်။ ထို့နောက်ဆရာမထွယ်က ထိုခေါင်စဉ်ကို တရုတ်ဘာသာပြန်ဆို၍ဟောပြောပေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲကို လူအယောက်(၂၀) ကျော်တတ်ရောက်ကို သိရှိခဲ့ရပါသည်။ ဆက်လက်၍ ဟောပြောပွဲပြီးစီးသွားသောအခါရောက်လာသော အသက် ၃၀ မှ ၄၉အတွင်းရှိသော အမျိုးသမီးများကိုသာ အိမ်စစ်ဆေးခြင်းများ ပြုလုပ်ပေးခဲ့ကြောင်းကိုပါ သိရှိခဲ့ရပါသည်။

ဖူးဖူး(ပြန်/ဆက်)