ညောင်ဦး ဧပြီ ၄
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်နှင့် ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းမိသားစုများ လပြည်နေ့တိုင်း အစဉ်အလာမပြတ်အရုဏ်ဆွမ်းလောင်း လှူခြင်းကို ယနေ့ တန်ခူးလပြည့်နေ့ နံနက် ၇ နာရီအချိန်ကလောင်းလှူခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့ အထွေထွေအုပ်ချုပ်ရေးမိသားစုဝင်များအနေဖြင့် ဆရာတော်အရှင်သူမြတ်တို့အား လပြည့်နေ့ နံနက်တိုင်းအစဉ်လာမပြတ် အရုဏ်ဆွမ်းလောင်းလှူလျက်ရှိရာ တန်ခူးလပြည့်နေ့တွင် ညောင်ဦးမြို့ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတိုးလွင် ဦးဆောင်သောအဖွဲ့က ကြက်သွန်နီ၊ ငါးခြောက်၊ ကုလားပဲ၊ မန်ကျည်းသီးမှည့်၊ အာလူး၊ လက်ဖက်ခြောက်၊ ကြာဆန်၊ ကြက်ဥ၊ သကြား၊ ဆီ၊ လက်ကိုင်ပဝါ၊ အိုဗာတင်း၊ အချိုရည်၊ ဆပ်ပြာမှုန့်တို့အား လောင်းလှူပြီး ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့် ဉီးဆောင်သောအဖွဲ့က ဝန်ထမ်းမိသားစုများမှ ဆွမ်း၊ ကြက်သားကြော်၊ ကြက်သားမွကြော်၊ ငါးပိဆီကြော်၊ ချဉ်ပေါင်းရွက်ကြော်၊ ဘူးသီးချက်တို့ဖြင့် လောင်းလှူခဲ့ကြသည်။
ထိုသို့ လပြည့်နေ့တိုင်း အရုဏ်ဆွမ်းလောင်းလှူခဲ့ရာ ယနေ့တွင် (၂၂)ကြိမ်မြောက် ရောက်ရှိပြီဖြစ်ပြီး သံဃာအပါး(၈၀)တို့အား ပုံမှန်လောင်းလှူလျက်ရှိရာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် အရုဏ်ဆွမ်းလောင်းလှူခဲ့ကြောင်းသိရသည်။
ဒီပါလင်း