ရခိုင်ပြည်နယ် မောင်တောမြို့၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မောင်တော  ဧပြီ  ၄

ရခိုင်ပြည်နယ် မောင်တောမြို့၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ယနေ့နံနက်  ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်က  ၂၀၂၃ ခုနှစ်၊ ဧပြီ ၁၃ ရက်နေ့တွင် ကျရောက်မည့်  မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်နေသည့်ကိစ္စရပ်များ၊ နှစ်ဆန်းတစ်ရက်နေ့တွင် မြို့လုံးကျွတ် အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်နိုင်ရန်အတွက် စုရပ်များဖြစ်သော မြို့နယ်စည်ပင်သာယာရေးရုံးရှေ့၊ မြို့နယ်တရားရုံးဘေးလမ်းဆုံ၊  ကုန်သွယ်ရေးရုံးနှင့် ကုန်သည်များ အသင်းရုံးရှေ့ လမ်းဆုံ၊ မြို့ဦးရွာ၊ သာသနာ့ဗိမာန် စုစုပေါင်းစုရပ် ၅  ခုတွင်  ဆရာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်မည်ဖြစ်သဖြင့် ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ မဟာသင်္ကြန်အား ယခင်နှစ်များထက် ပိုမိုစည်းကား သိုက်မြိုက်စွာ ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ဗဟိုမဏ္ဍပ်ဖွင့်ပွဲနှင့် ရခိုင်ရိုးရာ နံ့သာသွေးပြိုင်ပွဲ၊ ဇီဝိတဒါန ငါးလွှတ်ပွဲနှင့် မဟာသင်္ကြန်ပွဲတော်ကို စည်းကမ်းရှိရှိနဲ့ စည်ကားသိုက်မြိုက် အောင်မြင်စွာကျင်းပပေးနိုင်ရန်အတွက် ကဏ္ဍအလိုက် ဆောင်ရွက် ထားသည့်များကို ရှင်းလင်းတင်ပြကြရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက နှစ်ဆန်းတစ်ရက်နေ့တွင် မြို့လုံးကျွတ် အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်နိုင်ရေးအတွက် ကဏ္ဍအလိုက် ကြိုတင်စီစဉ်ဆောင်ရွက်နေသည့် အခြေအနေများ၊ မဟာသင်္ကြန်အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းကော်မတီများအလိုက် ဆောင်ရွက်နေသည့်များအား အသီးသီးတင်ပြဆွေးနွေးခဲ့ကြရာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

သက်လွင်စိုး၊အောင်ကျော်စိန်