ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒေသ၊ လောက်ကိုင်မြို့၌ ကလေးငယ်များအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ခြင်းများ ဆောင်ရွက်ပေး

လောက်ကိုင် ဧပြီ

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒေသ၊ လောက်ကိုင်မြို့နယ် ထင်ပါကျိုင်းကျေးရွာအုပ်စု နားလီကျေးရွော မြောင်ဇီး()မှုန့် ကလေးပညာဖွံ့ဖြိုးရေးဂေဟာတွင် ယမန်နေ့ နေ့လည် () နာရီက အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ ဆေးနှင့်ဆေးပစ္စည်းများ လှူးဒါန်းခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းကုသရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး ဦးဆောင်၍ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာ ဦးအောင်ကျော်ပါ ()ဦး၊ မြို့နယ်ကြက်ခြေနီအသင်း၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေး/စီမံဦးစီးဌာန၊ ပြန်/ဆက်ဦးစီးဌာနတို့ ပူးပေါင်း၍ မြောင်ဇီး()မှုန့်ကလေးပညာဖွံ့ဖြိုးရေးဂေဟာရှိ ကလေးများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သန်ချဆေးများတိုက်ကျွေးခြင်း၊ အနာပေါက်နေသော ကလေးများအား ယားနာလိမ်းဆေးများ အခမဲ့ပေးဝေခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးမိသားစုမှ ကလေးများအဟာရကျွေးမွေးရန် ယွမ်ငွေ(၅၀၀)ကျပ်နှင့် မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာ ဦးအောင်ကျော်ပါ ()ဦး၊ မြို့နယ်ကြက်ခြေနီအသင်း၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးတို့မှ ဆေးစိမ်ခြင်ထောင် အလုံး()ခု သွားတိုက်တံ/ဆေး (၆၀)စုံ၊ ယားနာလိမ်းဆေး ()ဗူး၊  AMCET-10 (10) ကဒ်ပါ ()ဗူး၊ နှာဆေးပျောက်ဆေး၊ အဘိတ်ကာကွယ်ဆေးထုပ်များနှင့် Mask အခု(၁၅၀) တို့အား လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ညိုညိုဝင်း (လောက်ကိုင် )