မူဆယ်မြို့တွင် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးခြင်းနှင့် မူးယစ်ဆေးဝါးအသိပညာပေး မြေစိုက်ဘုတ်နံရံကပ်စာစောင်များ ပြသဆောင်ရွက်

မူဆယ် ဧပြီ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက် ပြည်ထောင်စုလမ်းမဘေးတွင် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က  လူကုန်ကူးမှုတားဆီးအသိပညာပေးခြင်းနှင့် မူးယစ်ဆေးဝါးအသိပညာပေး မြေစိုက်ဘုတ်နံရံကပ်စာစောင်များကို လူငယ်/ရွယ်များနှင့် ကျောင်းသား/သူများ လိမ်ညာလှည့်ဖြားခံရခြင်းနှင့် မူယစ်ဆေးဝါးသုံးစွဲခြင်းတို့မှ ကြိုတင်ကာကွယ် ရှောင်ကြဉ်/ ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်၍  ပြသဆောင်ရွက်ခဲ့သည်။

အဆိုပါ ပြသဆောင်ရွက်ရာတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးအသိပညာပေးတွင်ပါရှိသော လူကုန်ကူးခံရပါက ခေါင်းပုံဖြတ်သည့် အကြောင်းအရာများ၊ လူကုန်ကူးသူကျမည့် ဥပဒေဆိုင်ရာ ပြစ်ဒဏ်များ၊ လူကုန်ကူးခံရခြင်းမှ ကြိုတင်ရှောင်ကြဉ်ရန်အချက်များအား ပြသဆောင်ရွက်ခဲ့သည်။ ယင်းအပြင် မူးယစ်ဆေးဝါးအသိပညာပေးတွင်လည်း မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်တတ်သော ဆိုးကျိုးရောဂါများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ရှောင်ကြဉ်ရန်နည်းလမ်းများနှင့် မူးယစ်ဆေးဝါး ဥပဒေဆိုင်ရာပုဒ်မများ၊ ကျခံရမည့်ပြစ်ဒဏ်များကို  ပြသဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

ခရိုင်(ပြန်/ဆက်)