မိုင်းငေါ့ ဧပြီ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်ခန့်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် မိုင်းငေါ့မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးမင်းသိုက်ထွန်းက လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာများနှင့် ရပ်ကွက်မှူးများမှ မိမိတို့၏လုပ်ငန်းဆောင်ရွက်နေမှုများ ကိုတစ်ဦးချင်း တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
မြင့်သွယ်(မိုင်းငေါ့၊ ပြန်/ဆက်)