သာစည်မြို့ လူထုအခြေပြုဗဟိုဌာန၌ မိသားစုဝင်ငွေ အထောက်အကူပြု ခေါင်းစည်းကွင်း ပြုလုပ်နည်းသင်တန်းဖွင့်လှစ်

သာစည် ဧပြီ ၄

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့ လူထုအခြေပြုဗဟိုဌာန၌ မိသားစုဝင်ငွေ အထောက်အကူပြု ခေါင်းစည်းကွင်းပြုလုပ်နည်း သင်တန်းကို ယနေ့ နံနက် ၉  နာရီက ဖွင့်လှစ်ကြောင်း သိရသည်။

ကျွန်တော်က Grade 10 တက်မဲ့  ကျောင်းသားတစ်ဦးပါ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက  ဒီခေါင်းစည်းကွင်းထိုးနည်းလေးကို   စိတ်ဝင်စားလို့  အင်တာနက်ကနေ  ထိုးနည်းတွေ လိုက်ကြည့်ပြီး စတင်ထိုးခဲ့တာပါ  အစကတော့ စိတ်ဝင်စားပြီး ဝါသနာအရ ထိုးခဲ့ပေမဲ့ ဝယ်ယူတဲ့သူတွေရှိလာပြီး ကျောင်းမုန့်ဖိုးနဲ့စာအုပ်ဖိုးတွေအတွက်   မိဘဆီကမတောင်းရပဲ မိသားစုဝင်ငွေအတွက် အထောက်အကူဖြစ်ခဲ့ပါတယ် လေ့ကျင့်ပါများလာပြီး တစ်ကယ်ထိုးတတ်လာရင် တစ်ကွင်းကို ၁၅ မိနစ်လောက်ပဲကြာပါတယ်   ပိုက်ဆံအိတ်လည်း  မှာတဲ့သူရှိရင်  ထိုးပေးပါတယ်  ဒါကြောင့် ခုလို သင်တန်းမှာလာတက်တဲ့ သင်တန်းသူတွေကိုလည်း ခေါင်းစည်းကွင်းထိုးနည်းကို အတတ်သင်ပေးပြီး ပိုက်ဆံအိတ်၊ ဖုန်းအိတ်၊ ဖုန်းကာဗာစတဲ့ အခြားပစ္စည်းထိုးနည်းတွေကိုလည်း အခြေခံသင်ပေးသွားမည်ဖြစ်ကြောင်း နည်းပြ မောင်မြတ်ကောင်းခန့်က ပြောသည်။

ခေါင်းစည်းကွင်းသင်တန်းတွင် ကျောင်းသူ ၁၂ ဦးတက်ရောက်ပြီး နည်းပြနှစ်ဦးတို့က ဧပြီ ၇ ရက်နေ့အထိသင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)