ပျဉ်းမနားမြို့၌ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်သင်ကြား

ပျဉ်းမနား ဧပြီ ၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရွှေချီရပ်ကွက်၊ နံတော်စဉ်ဓမ္မာရုံ၌ နွေရာသီကျောင်းပိတ်ရက် ယဉ်ကျေးလိမ္မာသင်တန်းကို ဧပြီလ ၁ ရက်နေ့မှစ၍ အဆိုပါ ဓမ္မာရုံတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

“နွေရာသီကျောင်းပိတ်ရက်မှာ ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေချင်တဲ့ ဆန္ဒနဲ့ယဉ်ကျေးလိမ္မာသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များအား ယဉ်ကျေးလိမ္မာပြီး ဘာသာတရားကို ငယ်စဉ်ကလေးဘဝမှစ၍ သိရှိနားလည် တန်ဖိုးထားလေးစားလိုက်နာတတ်စေရန်နှင့် (၃၈)ဖြာမင်္ဂလာတရားကို သိရှိနားလည်စေရန်၊ ဗုဒ္ဓဘာသာတရားတော်များကို ငယ်စဉ်မှစပြီး လေ့လာမှတ်သားကြစေရန်နှင့် ဗဟုသုတများတိုးပွားစေရန် (၃၈)ဖြာမင်္ဂလာစာအုပ်မှ ဇာတ်တော်ကြီးဆယ်ဘွဲ့၊ ဗုဒ္ဓဝင် တရားတော်များထဲမှ အပိုင်းများခွဲခြားကာ သင်ကြားပေးလျက်ရှိပြီး ယနေ့တွင် ဇာတ်တော်ကြီး ဆယ်ဘွဲ့အကြောင်း ညဏ်စမ်းမေးခွန်းများနှင့် သရုပ်ဖော်ပုံများကို စာတွေ့၊ လက်တွေ့ သင်ကြားပေးလျက်ရှိကြောင်း” သင်တန်းဆရာမ ဒေါ်ခင်ဌေးထံမှ သိရသည်။

အဆိုပါသင်တန်းကို ရွှေချီရပ်ကွက်အတွင်းမှ ကျောင်းသားကလေးငယ် စုစုပေါင်း ၈၀ ဦးထိ တက်ရောက်လာပြီး၊ သင်တန်းကို ဧပြီလ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ သင်တန်းနည်းပြ ဆရာ/ဆရာမစုစုပေါင်း ၅ ဦးဖြင့် အခြေခံဗုဒ္ဓဘာသာရပ်၊ ယဉ်ကျေးခြင်းဆိုင်ရာနှင့် သုံးဆယ်ရှစ်ဖြာမင်္ဂလာတော်များ သင်ကြားပေးကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)