မိုင်းပျဉ်းမြို့တွင် ပိန်းဥ၏ ကျန်းမာရေးအတွက်အရေးပါပုံအကြောင်း အသိပညာပေး Talk Show ကျင်းပ

မိုင်းပျဉ်း ဧပြီ  ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ပိန်း၏ ကျန်းမာရေးအတွက် အရေးပါပုံအကြောင်း အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပိန်း၏ ကျန်းမာရေးအတွက်အရေးပါပုံအကြောင်း အသိပညာပေး Talk Show ဆောင်ရွက်ရာတွင် မိုင်းပျဉ်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက် လက်ထောက်−(၃) ဒေါ်ခင်သန္တာအောင်နှင့် ရုံးအကူ ဒေါ်နန်းဆိုင်လားတို့က ဒို့ကျေးရွာဂျာနယ် အတွဲ(၂၀)အမှတ်(၂)တွင် ဖော်ပြပါရှိသော စာရေးဆရာ ပေါက်ပေါက် ရေးသားထားသည့် “ပိန်း၏ ကျန်းမာရေးအတွက်အရေးပါပုံ” ဆောင်းပါးမှ ပိန်းအကြောင်း၊ အသုံးပြုစာသုံးနိုင် သောနည်းလမ်းများ၊ ပိန်းအမျိုးအစားနှစ်မျိုးအကြောင်း၊ ပိန်း၏အရေးပါပုံ၊ ပိန်းမှ ထုတ်လုပ်ရရှိနိုင်သောစားစရာများ၊ အလှကုန်များ၊ ပိန်းနှင့်ပတ်သက်၍ မြန်မာ့ဆေးကျမ်းများတွင် ညွှန်းဆိုဖော်ပြထားမှုများ၊ ကျန်းမာရေးအတွက် အရေးပါပုံနှင့် သတိပြုရန်စသည့် အကြောင်းအရာတို့ကို အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပိန်း၏ ကျန်းမာရေးအတွက် အရေးပါပုံအကြောင်း အသိပညာပေး Talk Show အစီအစဉ်ကို မိုင်းပျဉ်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရိုက်ကူးဆောင်ရွက်ခြင်းဖြစ်ပြီး We Love Minepyin Page တွင် လွှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နန်းသန္တာဦး(ပြန်/ဆက်)