ခိုလမ် ဧပြီ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ရုံးတွင် "နိုင်ငံ့ဝန်ထမ်းဥပဒေ" စာအုပ်ဖြင့် ယနေ့နံနက်(၁၀:၀၀)အချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ရာတွင် ဝန်ထမ်းများသိရှိနားလည်ထားရမည့် တာဝန်နှင့်အခွင့်အရေးများ၊ လစာ၊ ထောက်ပံ့ကြေး၊ ခရီးစရိတ်နှင့် အခြားစရိတ်များနှင့်ပတ်သက်၍ ခံစားခွင့်များ၊ ဝန်ထမ်းတစ်ဦးချင်းအလိုက်ခံစားခွင့်ရှိသည့် ခွင့်အမျိုးအစားများကို သိရှိနားလည်နိုင်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ဖြူဖြူသော်က အခန်း(၄)တာဝန်နှင့် အခွင့်အရေးများကို ဝန်ထမ်းများအား ရှင်းလင်းဖတ်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်း၌ "နိုင်ငံ့ဝန်ထမ်းဥပဒေ"စာအုပ်မှအခန်း(၅)လစာ၊ ထောက်ပံ့ကြေး၊ ခရီးစရိတ်နှင့် အခြားစရိတ်များနှင့် အခန်း(၆)ခွင့်ခံစားခြင်းကို ဝန်ထမ်းများက အသီးသီးဖတ်ကြားပြီး သိရှိလိုသည်များ မေးမြန်းခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
နေလင်းထွန်း(ပြန်/ဆက်)