မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် အပူဒဏ်ကာကွယ်ရေး အသိပညာပေး Talk show ရိုက်ကူးထုတ်လွှင့်

မက်မန်း ဧပြီ ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် နွေရာသီအချိန်ကာလ အပူဒဏ်ကာကွယ်နိုင်ရေး၊ အပူချိန်မြင့်တက်လာရသည့်အကြောင်းအရင်းများအကြောင်း၊ အပူဒဏ်ကြောင့်ဖြစ်ပွားနိုင်သည့် ရောဂါများအကြောင်း ကြိုတင်ကာကွယ်ရေး အသိပညာ Talk show ရိုက်ကူးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ရိုက်ကူးခဲ့သည်။

ထိုသို့ ရိုက်ကူးရာတွင် မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ဥမ္မာချို(လက်ထောက်ညွှန်ကြားရေးမှူး)က ရာသီဥတုဖောက်ပြန်လာသည့်အကြောင်းများ၊ ရာသီဥတုဖောက်ပြန်လာသဖြင့် အပူချိန်မြင့်တက်လာမှုအခြေအနများ၊ အိုဇုန်လွှာ ထိခိုက်မှုအခြေအနေများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ကြေငြာချက်များ၊ ပူပြင်းသည့်ရာသီတွင် နေထိုင်ပြုမှုရမည့် အခြေအနေများကို ဦးစွာရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်အေးဝင်းခိုင်(ဦးစီးအရာရှိ)က အပူဒဏ်ကာကွယ်ရေးနှိုးဆော်ချက်(၁၂)ချက်ဖြစ်သော နံနက်(၁၀)နာရီမှ ညနေ(၃)နာရီအတွင်း ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများ မပြုလုပ်သင့်ကြောင်း၊ အရက်သောက်ခြင်းသည် အပူဒဏ်အန္တရာယ်ကို ဖြစ်ပေါ်လွယ်စေခြင်းနှင့်ဖြစ်ပွားပါက ပြင်းထန်စွာခံစားရခြင်းတို့ကြောင့် ရှောင်ကြဉ်သင့်ကြောင်း၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ အခံရှိသူများ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများအနေဖြင့် နေ့လည်နေ့ခင်းတွင် အရိပ်ရ၍ လေဝင်လေထွက်ကောင်းနေရာများ၌သာ နားနေသင့်ကြောင်းအစရှိသည့် အပူဒဏ်ကာကွယ်ရေး လိုက်နာသင့်သည့်အချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါ အသိပညာပေး (Talk Show) အား မက်မန်းခရိုင် ပြည်သူ့စာကြည့်တိုက် Page နှင့် We Love Page တို့တွင် လွှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

စောဥမ္မာ(ခရိုင်၊ ပြန်/ဆက်)