မိုးနဲ ဧပြီ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဆည်မြောင်းကျေးရွာနေ တောင်သူဦးဝင်းလှိုင်၏ ယာခင်း၌ ဂေါ်ဖီထုပ်များ ဈေးကောင်းရရှိနေသဖြင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ဂေါ်ဖီထုပ်စိုက်ခင်းများကို ယာခင်းအတွင်း မတ်လတွင် စတင်စိုက်ပျိုးထားကြောင်း၊ ရေလုံလုံလောက်လောက်ရရှိသဖြင့် အပင်ကြီးထွားနူန်းကောင်းကြောင်း၊ ပုလဲမြေဩဇာကို ရေဖျော်၍ဖျန်းပေးထားကြောင်း၊ ပိုးသတ်ဆေးကိုလည်း အသုံးပြုပေးထားကြောင်း၊ ယာခင်းအတွင်း ခရမ်းချဉ်၊ ငရုတ်၊ ခရမ်းညို၊ ဆလတ်၊ ဖရုံတို့ကိုလည်း တစ်နိုင်တစ်ပိုင် သီးနှံများအဖြစ် စိုက်ပျိုးထားသေးကြောင်း၊ အစောပိုင်း ဂေါ်ဖီထုတ်စိုက်ပျိုးသူများအနေဖြင့် ယခုအချိန်တွင် ခူးဆွတ်ရောင်းချနေရပြီဖြစ်ကြောင်း၊ မြို့မဈေးကြီးတွင် ဂေါ်ဖီထုပ်အရွယ်အစားအလိုက် သေးလျှင်ကျပ်(၁၀၀၀)ကြီးလျှင် ကျပ်(၁၄၀၀)ပေါက်ဈေးရှိနေကြောင်း၊ မိမိယာခင်းအတွင်းစိုက်ပျိုးထားသည့် ဂေါ်ဖီထုပ်ပင်များကို အပါတ်စဉ် ပေါင်းသင်ရှင်းလင်းပေးလျက်ရှိပြီး ဂေါ်ဖီထုပ်များ ယခုချိန်တွင် အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ခူးဆွတ်ရောင်းချချိန်တွင်လည်း အထုပ်ကြီးပြီးဈေးကောင်းရရှိရန် မျှော်လင့်ထားကြောင်း တောင်သူဦးဝင်းလှိုင်ထံမှ သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)