အလုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကွမ်း၊ ဆေးလိပ်အန္တရာယ် အသိပညာပေး နံရံကပ်စာစောင်ပြသ

အလုံ ဧပြီ ၄

ကျောင်းသား၊ လူငယ်များအနေဖြင့် ကွမ်း၊ ဆေးလိပ်အန္တရာယ်ကို သိရှိရှောင်းရှားနိုင်ပြီး ကွမ်း၊ ဆေးလိပ် အန္တရာယ်မှ ကင်းဝေးစေရန် ရည်ရွယ်၍ ကွမ်း၊  ဆေးလိပ်အန္တရာယ်အသိပညာပေး နံရံကပ်စာစောင်ကို ယနေ့နံနက် ၉ နာရီက အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ပြသဆောင်ရွက်ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး နံရံကပ်စာစောင်ကို အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး နံရံကပ်စာစောင်တွင် ဆေးလိပ်၊ ကွမ်းယာတွင်ပါဝင်သည့် ပစ္စည်များ၏ဆိုးကျိုးများ၊ တဆင့်ခံဆေးလိပ်၏ဆိုးကျိုးများကို ဓာတ်ပုံစာသားများဖြင့် အသိပညာပေး ဖော်ပြပါရှိပြီး ကျောင်းသား၊ လူငယ်များ၊ မိဘများက စိတ်ဝင်တစား လေ့လာကြည်ရှုခဲ့ကြောင်း သိရှိရသည်။

တင်တင်ချို(ပြန်/ဆက်)