ရခိုင်ပြည်နယ် မောင်တောမြို့၌  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်

မောင်တော   ဧပြီ 

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများအား စားသောက်ကုန်ပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နေ့လယ် ၂ နာရီအချိန် အဆိုပါရုံးအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထွန်းအောင်က စားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ ဝန်ထမ်း(၄၀)ဦး အတွက် တစ်ဦးလျှင် ဆီ ၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ကြက်ဥ၊ အာလူး စုစုပေါင်း အမျိုး အစား (၅)မျိုး နှင့် ထောက်ပံ့ငွေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် တာဝန်ရှိသူများက ဝန်ထမ်းများ လက်ဝယ်သို့  အသီးသီးထောက်ပံ့ပေးအပ်ခဲ့ ကြကြောင်းသိရသည်။

သက်လွင်စိုး၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)