ကွတ်ခိုင် ဧပြီ ၄
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ ရွှေကမ္ဘာအေးစေတီကျောင်းတွင် သီတင်းသုံးတော်မူကြသော သံဃာတော်များနှင့် သီလရှင်ဆရာကြီးများ ဆွမ်းအခက်အခဲ အဆင်ပြေစေရန် ဆွမ်းဆန်တော် ဆီ၊ ဆား၊ ကုလားပဲများကို ယမန်နေ့ မွန်းလွဲပိုင်း(၁)နာရီက ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထိုသို့ ဆက်ကပ်လှူဒါန်းရာတွင် ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့ ရွှေကမ္ဘာအေးစေတီ ကျောင်းထိုင်ဆရာတော်၊ ဦးဝိစိတ္တထံသို့ ကွတ်ခိုင်မြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဆန့်နှင့် ဝန်ထမ်းများမှ ဆွမ်းဆန်တော် ဆီ(၁၅)ဂါလံ၊ ဆား(၁)အိတ်၊ ကုလားပဲ(၁)အိတ်နှင့် ဆန် (၃)အိတ်၊ ကြက်ဥ (၅)ကဒ်၊ ဆပ်ပြာ (၂)အိတ်၊ သွားတိုက်ဆေး (၅)ဗူး၊ Familycare (၅) ကဒ်၊ သွားတိုက်တံ (၃)ဗူး၊ ခေါက်ဆွဲ (၂) ဖာ အစရှိသော လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရပါသည်။
ချစ်မျိုးဦး (ကွတ်ခိုင်)