တောင်ကုတ် ဧပြီ ၄
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနကကြီးမှူး၍ နှစ်စဉ်ကျင်းပပြုလုပ်သော ပါဠိပထမပြန်စာမေးပွဲကို ဖောင်တော်ဦး စေတီတော်ရှိ မဟာဝိဇယဓမ္မာရုံ၌ ယနေ့မွန်းလွဲ(၁)နာရီ အချိန်မှညနေ(၄)နာရီ အထိ ကျင်းပလျက်ရှိကြောင်း သိရသည်။
ထိုသို့ဖြေဆိုကြရာတွင်ပါဠိပထမပြန်၊ ပထမကြီးတန်းတွင် ဘာသာပြန်ဘာသာရပ်ကို ဖြေဆိုရန် စာရင်းရှိ သံဃာ(၇)ပါးရှိသည့် အနက်(၄)ပါးက (၃)ပါးဖြေဆို ခဲ့ကြောင်း မြို့နယ် သံဃနာယကအဖွဲ့မှ သိရသည်။
သံဃာတော်များစာမေးပွဲဖြေဆိုရာတွင် အဆင်ပြေစေရန်အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များက နေ့စဉ်ဆွမ်းဘောဇဉ် အာဟာရများ လှူဒါန်းလျက်ရှိကြောင်း သိရှိရသည်။
မြို့နယ်ပြန်/ဆက်