နောင်ချို ဧပြီ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ အသိပညာပေးနံရံကပ်စာစောင်များကို လစဉ်ပုံမှန်လဲလှယ်ပြသဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀နာရီအချိန်က သဘာဝ ဘေးအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်ကို ရုံးရှေ့မြေစိုက်ပြဘုတ်တွင် ပြသဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး နံရံကပ်စာစောင်တွင် ကြိုတင်ကာကွယ်သဘာဝဘေးအန္တရာယ်၊ မုန်တိုင်း ဘေးဆိုင်ရာ ပညာပေး၊ မိုးကြိုးပစ်ခြင်းပညာပေး၊ လျှပ်စီးလက်ခြင်းပညာပေး၊ မိုးခေါင်ရေရှားမှု ဆိုင်ရာပညာပေး၊ ငလျင်ဘေးဆိုင်ရာပညာပေး၊ သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ ဘာဝဘေးအန္တရာယ်သတိပေးချက်များရလျှင် ဆောင်ရွက်ရန်အချက်များ၊ အပူဒဏ် ကာကွယ်ရေး အထူးသတိပြုရန်အချက်များနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များအပြင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကိုလည်း ပြသထားရှိရာ စာဖတ်ပရိသတ်များနှင့် လမ်းသွား လမ်းလာပြည်သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ထွေးငယ် (နောင်ချို၊ ပြန်/ဆက်)