လှည်းကူးမြို့နယ်၌ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေး၊ ထိုးနှံခြင်းဆောင်ရွက်ပေး

လှည်းကူး ဧပြီ ၄ 

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ မွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးငယ်များ ကျန်းမာကြံ့ခိုင်မှုရှိစေရန်နှင့် ကလေးငယ်များ ရောဂါဘယကင်းရှင်းစေရန်ရည်ရွယ်၍ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများတိုက်ကျွေး၊ ထိုးနှံခြင်းကို ယမန်နေ့နံနက်(၉)နာရီက လှည်းကူးမြို့ပြည်သူ့ဆေးရုံကြီးတွင် တိုက်ကျွေး၊ ထိုးနှံပေးသည်။

မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေး၊ထိုးနှံခြင်းကို လစဉ်ဆောင်ရွက်လျက်ရှိပြီး လှည်းကူးမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများက မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ မေးခိုင်ရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ဝက်သက်ရောဂါ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ပိုလီယိုရောဂါကာကွယ်ဆေးစသည်တို့ကို တိုက်ကျွေး၊ ထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ကြောင်းသိရှိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)