မူဆယ်ခရိုင် Community Centre ခန်းမ၌ စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်းပြုလုပ်

မူဆယ် ဧပြီ

စာပေချစ်မြတ်နိုးသူများ အသိပညာဗဟုသုတမြင့်မားစေရန်၊ စိတ်ဓာတ်များ ရှင်သန်ထက်မြက် နေစေရန်၊ အချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ Community Centre ခန်းမ၌ ယမန်နေ့ မွန်းလွှဲ ၂ နာရီအချိန်က စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မူဆယ်ခရိုင်ဦးစီးမှူး ဦးအယ်လ်စိုးထန်တူးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး တက်ရောက်လာသော စာပေချစ်မြတ်နိုးသူများဖြစ်သည့် ဒေါ်ဇာဖြိုးလွင်က “စိတ်ဓာတ်နှင့်နည်းနာ”စာအုပ်အနက်မှ အကြောင်းအရာများအားလည်းကောင်း၊ ဒေါ်အေမြအောင် ကလည်း “ဓားတောင်ကိုကျော်၍မီးပင်လယ်ကိုဖြတ်မည်”စာအုပ်အနက်မှ အကြောင်းအများအား လည်းကောင်း၊ ဦးဆက်ပိုင်ထွဠ်က “အောင်မြင်တိုးတက်ရေးစာဗူးတောင်း” စာအုပ်အနက်မှ အကြောင်းအရာများအားလည်းကောင်း၊ ဦးဇင်မင်းမောင်ကလည်း “စကားပြောအတတ်ပညာ” စာအုပ်အနက်မှ အကြောင်းများအားလည်းကောင်း၊ ဒေါ်ချိုချိုလွင်ကလည်း “အနေခက်အောင် ကူညီကြသူများ”စာအုပ်အနက်မှ အကြောင်းအများအားလည်းကောင်း၊ ဒေါ်နန်းရွှေရင်ကလည်း “လာခြင်း ကောင်းသောအရှင်”စာအုပ်အနက်မှ အကြောင်းအရားများကိုလည်းကောင်း၊ ဒေါ်အေးရတနာစိုးက လည်း “လူ့ဂုဏ်သိက္ခာနှင့်လူ့တန်ဖိုး” စာအုပ်အနက်မှ အကြောင်းအရာများအားလည်းကောင်း၊ ဦးသန်းဇော်ဦးကလည်း “စာပေတာဝန်”စာအုပ်အနက်မှ အကြောင်းအရာများအားလည်းကောင်း  စာပေများအား ဆွေးနွေးပြောကြားခဲ့သည်များကို စာရေးဆရာမ မြသန်းနွဲ့မမ(လားရှိုး)က စာပေချစ်မြတ်နိုးသူ တစ်ဦးချင်း ဖတ်ကြားခဲ့သော စာပေအကြောင်းအရာများအား ပြန်လည်ဆွေးနွေး ပေးခဲ့သည်။ ယင်း စာဖတ်ဝိုင်းကို စာပေချစ်မြတ်နိုးသူ စုစုပေါင်း(၉)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ဇင်မောင်(ပြန်/ဆက်)