ဟိုပုံး ဧပြီ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဟိုပုံးမြို့ စူဠဘွဲ့နှင်းသဘင်အခမ်းအနားနှင့် ဆွမ်းဆန်လောင်းလှူပွဲကို ယမန်နေ့ညနေ (၄)နာရီအချိန်က သီရီမင်္ဂလာရွှေ ချမ်းသာသာသနာ့ဗိမာန်တွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သိန်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပြီးနောက် မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ တုံခမ်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအာလောကနှင့် သံဃာတော်အရှင်သူမြတ်တို့ထံမှ ငါးပါးသီလနှင့် ပရိတ်တရားတော်များကိုနာယူကြသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက သာသနာရေးဆိုင်ရာကိစ္စရပ်များကိုလျှောက်ထားသည်။ ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သိန်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများက ၂၀၂၂ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့သည့် စာအောင်သံဃာပထမကြီးတန်း(၅)ပါး၊ ပထမလတ်တန်း(၁၁)ပါး၊ ပထမ ငယ်တန်း(၁၁)ပါးနှင့် အခြေပြုမူလတန်း(၄၉)ပါး စုစုပေါင်း(၇၆)ပါးတို့ကို အောင်လက်မှတ်နှင့် ဝတ္ထုငွေ များကို ဆက်ကပ်လှူဒါန်းပြီးနောက် လှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။
အခမ်းအနားကို ဆက်လက်ကျင်းပရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သိန်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက ကြီးကြပ်ဆရာတော်များနှင့် ၂၀၂၂ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့သည့် စာအောင်သံဃာပထမကြီးတန်း(၅)ပါး၊ ပထမလတ်တန်း(၁၁)ပါး၊ ပထမငယ်တန်း(၁၁)ပါးနှင့် အခြေပြုမူလတန်း (၄၉)ပါး တို့ကို ဆွမ်းဆန်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများလောင်း လှူခဲ့ကြကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)