ကျောက်တလုံးကြီးမြို ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်းကပ်ထားကြေညာ

 

ကျောက်တလုံးကြီး    အောက်တိုဘာ   ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊  ကျောက်တလုံးကြီးမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ  ဒီမိုကရေစီ အထွေထရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်အမည် ပြည့်စုံမှန်ကန်စေ ရေးအတွက် အောက်တိုဘာ(၁)ရက်နေ့မှ အောက်တိုဘာ(၁၄)ရက်နေ့အထိ ဒုတိယအကြိမ်မဲဆန္ဒရှင်များ ၏ အမည် စာရင်းကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု၊ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကပ်ထားကြေညာ ထား ကြောင်း သိရသည်။

ကျောက်တလုံးကြီးမြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈) ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထရွေးကောက်ပွဲတွင် မဲဆန္ဒအလိုက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အားမဲပေးနိုင်ရေး အတွက် မြိုပေါ် (၆)ရပ်ကွက်တွင်မဲရုံ(၆) ရုံထားရှိပြီး ၊ ကျေးရွာအုပ်စု(၇)အုပ်စုတွင်မဲရုံ (၃၃)ထားရှိကာ မဲပေး နိုင်သည့် မဲဆန္ဒ ရှင်စုစုပေါင်း( ၄၄၇၂၀  ) ဦးရှိကြောင်း သိရသည်။

အဆိုပါမဲပေးပိုင်ခွင့်ရှိသူ     မဲဆန္ဒရှင်မည်စာရင်းများအား     Web Application        ဖြစ်သည့် Findyour pollingstation.uec.gov.mm ဝင်ရောက်ကြည့်ရှုနိုင်သည့် အပြင် Mobile Application  ဖြစ် သော Findyour pollingstation.apk ကို Downloadရယူပြီးမဲစာရင်းတွင် မိမိအမည်ပါ/မပါOnline ပေါ်၌ ကြည့်ရှုစစ်ဆေး နိုင်ကြောင်း ပြည်ထောင်စုရွှေးကောက်ပွဲကော်မရှင်က တိုက်တွန်းနိုးဆော်ထားကြောင်း သိရသည်။                                                                                                                      

မြဝင်း(ပြန်/ဆက်)