ဘူးသီးတောင် ဧပြီ ၄
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်စည်ကား သိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နေ့လယ်၁နာရီ ခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။
ရှေးဦးစွာဘူးသီးတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းမှ ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကား သိုက်မြိုက်စွာကျင်းပနိုင်ရေး၊ ပြည်သူများပျော်ရွှင်စွာ ရေကစားနိုင်ရေး၊ သင်္ကြန်ရေကစားမဏ္ဍပ်များ တည်ဆောက်၍ ယိမ်းအကပြိုင်ပွဲများ၊ ဖျော် ဖြေရေးအစီအစဉ်များ၊ ရေပက်ကစားခြင်းများ ဆောင်ရွက်နိုင်ရန် အမှာစကားပြောကြားသည်။
ပြီးနောက်မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ဖွဲ့စည်းတာဝန်ပေးကော်မတီများက လုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် လိုအပ်ချက်များအား ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဇော်ဝင်းမှ လိုအပ် သည် များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
၁၃၈၄ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးနာယကအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း၊ အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း၊ ရန်ပုံငွေရှာဖွေးရေးဆပ်ကော်မတီ၊ ဖျော်ဖြေရေးဆပ်ကော်မတီ စသည့် ကော်မတီများဖွဲ့စည်း၍ တာဝန်ပေးအပ်ခြင်းများ (ဒုတိယအကြိမ်) အစည်းအဝေး ကျင်းပခဲ့ကြောင်းသိရသည်။
လှကျော်( ပြန်/ဆက်)