ဂွ ဧပြီ ၄
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့၌၊ နွေရာသီ ယဉ်ကျေးလိမ္မာ ရက်တိုသင်တန်းများကို ယမန်နေ့၊ နံနက်ပိုင်းကစတင်ကာ မြို့နယ်တွင်းရှိ အခြေခံ ပညာကျောင်းပေါင်း ၁၄၀ တွင် ဖွင့်လှစ်ခဲ့ကြ သည်။
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လိမ္မာယဉ်ကျေးသည့် သားကောင်းသမီးမွန်များ ဖြစ်လာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ လိုက်နာ ရမည့် ပြည်သူ့နီတီများကို သိရှိစေရန်ရည်ရွယ်၍ မြို့နယ်လုံးကျွတ် ယဉ်ကျေးလိမ္မာရက်တိုသင်တန်းအား ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းနှင့် သင်တန်းကာလမှာ ဧပြီလ (၃) ရက်နေ့မှ (၇) ရက်နေ့ထိ (၅) ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရွှေရည်ဝင်းကျော်