၂၀၂၃ ခုနှစ် ၊ အစိုးရပါဠိပထမပြန် စာမေးပွဲကြီး ပြင်ဦးလွင်မြို့တွင် အောင်မြင်စွာကျင်းပပြီးစီး

ပြင်ဦးလွင် ဧပြီ ၄ 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊သာသနာရေး ဦးစီးဌာန၊ ၂၀၂၃  ခုနှစ်၊ အစိုးရပါဠိပထမပြန် စာမေးပွဲကြီးအား မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး ( ၂ ) ရှိ သံဃသာမဂ္ဂီမဟာပဝါရဏာ သိမ်တော်ကြီး၌   ( ၂၈ - ၃ -၂၀၂၃ ) ရက်နေ့မွန်းတည့် ( ၁၂ ) နာရီမှစတင်ပြီး ( ၃ - ၄ - ၂၀၂၃ ) ရက်နေ့အထိ စာမေးပွဲစည်းကမ်းချက်များနှင့်အညီ အောင်မြင်စွာ ကျင်းပဖြေဆိုလျက် ရှိသည်။

ပြင်ဦးလွင်မြို့နယ်အတွင်း  ယခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကြီးတွင် ပထမကြီးတန်း ရဟန်း ( ၃၅) ပါး၊ သာမဏေ ( ၂၂ ) ပါး၊ သီလရှင်( ၅ ) ပါး၊ စုစုပေါင်း ( ၆၂  ) ပါးရှိပြီး (  ၃  - ၄  - ၂၀၂၃ ) ရက်နေ့တွင် ဝင်ရောက်ဖြေဆိုသည့် ရဟန်း (  ၂၉  ) ပါး၊ သာမဏေ ( ၂၀ ) ပါး၊ သီလရှင်  ( ၅ ) ပါး၊ စုစုပေါင်း (၅၄) ပါး  ဖြေဆိုလျက်ရှိကြသည် ။ 

ဆက်လက်ပြီး တာဝန်ရှိသူများနှင့် အလှူရှင်များက ဩဝါဒါစရိယဆရာတော်ကြီးများ၊ အထူးကြီးကြပ်ရေး ဆရာတော်များ၊ ကြီးကြပ်ရေးအဖွဲ့ဆ ရာတော်များ၊ စာဖြေဆရာတော် သံဃာတော်များ၊ သီလှရှင်များနှင့် လူပုဂ္ဂိုလ်တို့အား လှူဖွယ်၀တ္တုများနှင့် အအေးတို့ ဆက်ကပ်လှူဒါန်းခဲ့ပါ ကြောင်း  တာဝန်ရှိသူတစ်ဉီး၏  ပြောကြားချက်အရ  သိရှိရသည် ။