မိုးကောင်းမြို့၌ ပါဠိပထမပြန်စာမေးပွဲနောက်ဆုံးနေ့ ပထမကြီးတန်း ဘာသာပြန်ဘာသာရပ်ဖြေဆို

မိုးကောင်း ဧပြီ ၄

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ မဟာတိလောကရာမကျောင်းတိုက် လေးထပ် ကျောင်းဆောင်၌ ၂၀၂၃ ခုနှစ်ပါဠိပထမပြန်စာမေးပွဲနောက်ဆုံးနေ့ ဘာသာပြန်ဘာသာရပ်ကို ဧပြီ(၃) ရက်မွန်းတည့် (၁၂) နာရီမှ ညနေ (၃) နာရီထိဖြေဆိုလျက်ရှိကြောင်း သိရသည်။

စာမေးပွဲဖြေဆိုရာတွင် မြို့နယ်အတွင်းရှိစာသင်တိုက်များမှ ပထမကြီးတန်းစာရင်းရှိ ရဟန်း (၉) ပါးအနက် (၇) ပါးနှင့် သာမဏေ (၉) ပါးအနက် (၇) ပါး စုစုပေါင်း (၁၄) ပါးဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပါဠိပထမပြန်စာမေးပွဲကျင်းပရာသို့ ကြီးကြပ်ဆရာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် ဌာနဆိုင်ရာများ၊ ကြီးကြပ်ကော်မတီအဖွဲ့ဝင်များနှင့် သာသနာရေး ဦးစီးဌာနနှင့်တာဝန်ရှိသူများက လိုအပ်သည်များဆောင်ရွက်ပေးလျှက်ရှိပြီး အလှူရှင်များက နေ့စဉ် ဆွမ်းနှင့်အအေးများ ဆက်ကပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

သန်းလွင်ဦး (ပြန်/ဆက်)