ရပ်စောက် အောက်တိုဘာ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ တွင်ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ရပ်ကွက်ရွေးကောက်ပွဲ ကော်မ ရှင် အဖွဲ့ခွဲရုံးများတွင် ထပ်မံစိစစ်ပြုစုထားသည့် မဲဆန္ဒရှင် စာရင်းများကို အောက်တိုဘာ (၁)ရက် နေ့မှ(၁၄) ရက်နေ့အထိ ဒုတိအကြိမ်ကပ်ထားကြေညာခြင်း ကိုဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ မဲစာရင်းများ ကပ်ထားကြေညာရာ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် အချက်အလက်များ မှားယွင်း နေပါက ပုံစံ−၄(ဂ)ဖြင့် ပြင်ဆင်ခြင်း၊ ဆန္ဒမဲစာရင်းတွင် မိမိအမည် မပါရှိပါက ပုံစံ−၃ဖြင့် တောင်းဆိုခြင်း၊ မဲစာရင်း တွင် ပါဝင်ရန်မသင့်သူများ ပါဝင်နေပါက ပုံစံ−၄ ဖြင့်ကန့်ကွက်ခြင်းများကို လျှောက်ထား သူများ ရှိပါက သက်ဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည် စိစစ်၍ အချိန်မီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ မဲဆန္ဒ ရှင် စာရင်းများကိုယ်တိုင် လာရောက် ကြည့်ရှုရန်အခက်အခဲရှိပါက မဲဆန္ဒရှင်စာရင်း ကြည့်ရှု စစ်ဆေးသည့် Web.Applicationဖြစ်သော Findyourpollingstation.uec.gov.mmတွင် ဝင်ရောက်ကြည့်ရှု စစ်ဆေး နိုင်ကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
စိုင်းမြတ်ကျော်(ပြန်/ဆက်)