ဇေယျာသီရိခရိုင်နှင့် ဥတ္တရခရိုင်ပူးပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဥတ္တရသီရိ ဧပြီ ၃

ပြည်ထောင်နယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်နှင့် ဥတ္တရခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉နာရီခွဲအချိန်က ဥတ္တရခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဇေယျာသီရိခရိုင်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဝင်းထူးက အဖွင့်အမှာစကားပြောကြားရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အနေဖြင့် နေပြည်တော်ကောင်စီ၏ လမ်းညွှန်မှာကြားချက်များအပေါ် သက်ဆိုင်ရာဌာနများဖြင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ​ကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် လုပ်ငန်းဆောင်ရွက်မှုများ လစ်ဟင်းမှုမရှိစေရေး၊ မိမိတို့လုပ်ငန်းများဆောင်ရွက်ထားရှိမှုအပေါ် သက်ဆိုင်ရာဌာနများအလိုက် နေပြည်တော်အဆင့်ဌာနဆိုင်ရာများမှတစ်ဆင့် နေပြည်တော်ကောင်စီသို့ အချိန်နှင့်တစ်ပြေးညီ တင်ပြနိုင်ရန်လိုအပ်ပါကြောင်း၊ ခရိုင်အဆင့်အနေဖြင့် စိမ်းလန်းစိုပြေရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်နိုင်ရေး သကြင်္န်ကာလအတွင်း လုံခြုံရေးအထူးဂရုစိုက်ရန်နှင့် ဌာနဆိုင်ရာများ၏ အချက်အလက်များ၊ ဒေသဆိုင်ရာအချက်အလက်များစာအုပ်တွင် ထည့်သွင်းဖော်ပြနိုင်ရေးအတွက် လစဉ်ပြည့်စုံမှန်ကန်စွာပေးပို့နိုင်ရေး၊ သကြင်္န်ကာလအတွင်း ဇေယျာသီရိခရိုင်နှင့် ဥတ္တရခရိုင် သကြင်္န်ယိမ်းအဖွဲ့များဖြင့် ကပြဖျော်ဖြေနိုင်ရန် ဆောင်ရွက်ထားရှိကြောင်း အမှာစကားပြောကြားသည်။

ဆက်လက်၍ ဥတ္တရခရိုင် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်းက ဒေသအတွင်းဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း၊ ဌာနဆိုင်ရာများအား မြေနေရာ အဆောက်အဦတည်ဆောက်နိုင်ရေးလုပ်ငန်းများ စီမံဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်ထားရှိမှုများအပေါ် ဆွေးနွေးတင်ပြခဲ့ကြပြီး ဇေယျာသီရိခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဝင်းထူးနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)