ရမည်းသင်းခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေး  (၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ရမည်းသင်း ဧပြီ  ၃

ပြည်သူ့အကျိုးပြု လုပ်ငန်းများလျှင်မြန်စွာ ကူညီဆောင်ရွက်နိုင်ရေး ရမည်းသင်းခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း (၁/ ၂၀၂၃) ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်တွင် ရမည်းသင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်အတွင်းရှိ ခရိုင်မီးသတ်ဦးစီးမှူးရုံး၊ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ   ရမည်းသင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး  ဦးဉာဏ်မျိုးက သဘာဝဘေးအန္တရာယ်၊ ငလျင်ဘေးအန္တရာယ်များ မကြာခဏဖြစ်ပေါ် ကြုံတွေ နေကြရသည့်အတွက် ယခုကဲ့သို့ဘေးအန္တရာယ်များကို မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ  မိတ်ဖက် အဖွဲ့အစည်းများဖြစ်သည့် ပရဟိတ/လူမှုရေးအသင်းအဖွဲ့အစည်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် စိတ်ပါဝင်စားသူများမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ထိရောက်စေရန်၊ စွမ်းဆောင်ရည် ပိုမိုတိုးတက်မြှင့်မားလာစေရန် ခေတ္မီစက်ကိရိယာများကို ကျွမ်းကျင် ပိုင်နိုင်စွာဖြင့် စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းအသုံးပြုကာ အခြေခံရှာဖွေကယ်ဆယ်ရေး နည်းစနစ်များဖြင့် ဆုံရှုံးမှုလျော့နည်းစေရေးပြည်သူ့အကျိုးပြုလုပ်ငန်းများပိုမိုထိရောက်စွာဖြင့် ကူညီကယ်ဆယ်နိုင်ရေးတို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက သင်တန်းသား၊သင်တန်းသူပရဟိတ/လူမှုရေးအသင်းအဖွဲ့အစည်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် စိတ်ပါဝင်စားသည့်ပြည်သူများအား သင်တန်းဆင်းလက် မှတ်များအသီးသီးပေးအပ်ခဲ့ကြ သည်။

  ရမည်းသင်းခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း(၁/၂၀၂၃)အား ရမည်းသင်းခရိုင်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၅) ဦး၊ လူမှုရေးအသင်းအဖွဲ့များမှ သင်တန်းသား(၂၀)ဦး၊ ကြက်ခြေနီတပ်ဖွဲ့ဝင်(၁၀)ဦးနှင့် စိတ်ပါဝင်စားသည့်ပြည်သူ ( ၅)ဦး၊စုစုပေါင်း သင်တန်း သား (၅၀) ဦးဖြင့် မတ်လ ၂၂ ရက် မှဧပြီလ (၃)ရက်နေ့ထိ ရမည်းသင်းခရိုင်မီသတ်ဦးစီးမှူးရုံး၌ ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ နည်းပညာ ရပ်များကို စာတွေ့လက်တွေ့သင်ကြားခဲ့ကြောင်းသိရသည်။

ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)