သာစည် ဧပြီ ၃
မန္တလေးတိုင်းဒေသကြီး သာစည်မြို့ လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်ပို့ချလျက်ရှိသော အခြေခံပန်းချီရေးဆွဲနည်းနှင့် English Grammar သင်တန်းများဆင်းပွဲနှင့်ထူးချွန်ဆုများချီးမြှင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါသင်တန်းခန်းမတွင် ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က အမှာစကား ပြောကြားပြီး ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက သင်တန်းနည်းပြများဖြစ်သော ဆရာဦးမြတ်ကို (ကလောင်အမည်) ကာတွန်းလူမင်းအောင်နှင့် ဆရာဦးကျော်ကျော်တို့ကို ဂုဏ်ပြုလက်ဆောင်များပေးအပ်သည်။ ထို့နောက်သင်တန်းပြီး ဆန်းစစ်ချက်အဖြစ် စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် English Grammar ဆန်းစစ်ချက်များတွင် ပထမ၊ ဒုတိယနှင့်တတိယရရှိသော ထူးချွန်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိုးဝင်းအောင်၊ မြို့နယ်ပညာရေးမှူးဦးလှထွန်းနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက ဆုများပေးအပ်ချီးမြှင့်ပြီး ဆရာဦးကျော်ကျော်က English Grammar ထူးချွန်သူများအား အထောက်အကူပြုစာအုပ်များ လက်ဆောင်ပေးအပ်သည်။
အဆိုပါသင်တန်းဆင်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်