ဂွမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ကြွေချိုင်လျိုပိတ်ဆည်တည်ဆောက်နေမှုအား ကွင်းဆင်းစစ်ဆေး

ဂွ ဧပြီ ၃

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြွေချိုင်ကျေးရွာအုပ်စု၊ ကြွေချိုင်လျိုပိတ်ဆည် တည်ဆောက်နေမှုအား ဧပြီလ၂ရက်နေ့၊ နေ့လယ်ပိုင်းက သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များသည် ဆည်မြောင်းဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကွင်းဆင်းစစ်ဆေး၍ သတ်မှတ်ရေဝပ် ဧရိယာပြည့်စေရေးနှင့် ရေဝပ်ဧရိယာအတွင်းရှိ အပင်များအချိန်မီ ရှင်းလင်းဖယ်ရှားပြီး သတ်မှတ်အရည်အသွေးပြည့်မီစေရေး ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်