အင်းလေးကန်အတွင်း ၁၃၈၄-ခုနှစ် ရေပေါ်သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်

ညောင်ရွှေ ဧပြီ ၄

ရှမ်းပြည်နယ် အင်းလေးဒေသခရီးသွားလုပ်ငန်းမြှင့်တင်ရန်၊ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲ တော်ကို တမူထူးခြားစွာဆင်ယင်ကျင်းပရန်၊ မိဘပြည်သူများ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ စိတ်အေးချမ်းသာစွာ အနားယူအပန်းဖြေနိုင်စေရန်အတွက် ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်း ၁၃၈၄-ခုနှစ် ရေပေါ်သင်္ကြန်ပွဲတော်ကို ယခုနှစ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေပေါ်သင်္ကြန်ပွဲတော်အား (၁၃-၄-၂၀၂၃)ရက်နေ့မှ (၁၆-၄-၂၀၂၃)ရက်နေ့အထိ နန်းပန်မြို့အနီး ရေပြင်ပေါ်ရှိ ခေတ်ဆန်းယဉ်ရေကစားမဏ္ဍပ်၌ နိုင်ငံကျော်အဆိုတော်များ၊ အနုပညာရှင်များ၊ ရိုးရာယဉ်ကျေးမှုအဖွဲ့များ၏ အကအလှများ၊ သင်္ကြန်ယိင်းအကအဖွဲများ၏ တင်ဆက်ဖျော်ဖြေမှုများ စေတနာရှင်အလှူရှင်များ၏ စတုဒိသာအလှူများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်းနှင့် အလွတ်တန်းအဆင့် အင်းလေးရေပေါ်သင်္ကြန်ပွဲတော် ဖိတ်ခေါ် ရောင်စုံဓာတ်ပုံ ပြိုင်ပွဲကြီးကိုလည်း ထည့်သွင်းပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းအယ်ဘဲ