ကွမ်းလုံမြို့၌ ပြည်သူများ အသိပညာဗဟုသုတ ကြွယ်ဝစွာရရှိရေးအတွက် Mobile စနစ်ဖြင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းအား ကွင်းဆင်း ဆောင်ရွက်

ကွမ်းလုံ ဧပြီ ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ ပြည်သူများ အသိပညာဗဟုသုတ ကြွယ်ဝစွာရရှိရေးအတွက် Mobile စနစ်ဖြင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကို ယနေ့နံနက် (၁၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်း များက ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ယနေ့တွင် Mobile စနစ်ဖြင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းအား ကွင်းဆင်းဆောင်ရွက်ရာ၌ သုတစာအုပ်(၅၀)အုပ်အား အခမဲ့ငှားရမ်းပေးခဲ့ပြီး ယခင်ငှားရမ်းထားသည့် စာအုပ်စာစောင်များကို ပြန်လည်သိမ်းဆည်းခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကွမ်းလုံမြို့နယ်ရုံးသည် မိဘပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် စာဖတ်ဝိုင်းများ၊ စာအုပ်စာစောင်ပြပွဲများ၊ အသိပညာပေးဟောပြောပွဲများနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ၊ Talk Show ရိုက်ကူးထုတ်လွှင့်ခြင်း လုပ်ငန်းများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)