သပိတ်ကျင်းမြို့နယ်Community Centre ခန်းမ၌ သိုးမွှေးချည်ထိုးနည်း (အခမဲ့) သင်တန်းဖွင့်လှစ်

သပိတ်ကျင်း ဧပြီ  ၃

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်းသည့် သိုးမွှေးချည်ထိုးနည်း (အခမဲ့) သင်တန်းကို ယနေ့နံနက် (၁၀)နာရီက သပိတ်ကျင်းမြို့နယ် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနCommunity Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သင်တန်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသားလူငယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အတတ် ပညာရှင် အသိပညာရှင်များ တိုးပွားလာစေရန်၊ သင်တန်းမှရရှိသည့် အသိပညာ အတတ်ပညာတို့ဖြင့် လူမှုဘဝ လက်တွေ့နယ်ပယ်၌ ပြန်လည်အသုံးချတတ်ပြီး လူငယ်များဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ဖွင့်လှစ်ဖြင်းဖြစ်ကြောင်း သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ပြောကြားခဲ့ပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခိုင်စန္ဒာထွန်းက သင်တန်းစည်းကမ်းများနှင့် သင်တန်း ဖွင့်လှစ်ချိန်များအား ပြောကြားခဲ့ကာ သင်တန်းနည်းပြဒေါ်ဖြိုးမမနှင့် ဒေါ်ယဥ်နီလာအေးတို့က တတ်ရောက်လာကြသည့် သင်တန်းသူများအား အခြေခံသိုးမွှေးချည်ထိုးနည်းများအား စာတွေ့ လက်တွေ့ သင်ကြားပို့ချခဲ့ကြသည်။

အဆိုပါ သင်တန်းအား သပိတ်ကျင်းမြို့ အခြေခံပညာကျောင်းများမှ ကျောင်းသူ (၁၅)ဦး တတ်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ (၃.၄.၂၀၂၃)မှ (၄.၄.၂၀၂၃) ထိ (၂)ရက်ကြာသင်တန်းပို့ချသွားမည်ဖြစ်ကြောင်း ​သိရသည်။

​မြို့နယ်-ပြန်/ဆက်