တပ်ကုန်း ဧပြီ ၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် ပါဠိပထမပြန်စာမေးပွဲ သတ္တမနေ့ကို ဗိုလ်မင်းရောင်ရပ်ကွက်ရှိ အောင်ဆန်းခန်းမတွင် ဧပြီ ၃ရက် နေ့လယ် ၁၂နာရီမှ ညနေ ၄ နာရီအထိ ကျင်းပသည်။
ပါဠိပထမပြန်စာမေးပွဲသတ္တမနေ့တွင် ပထမကြီးတန်း ၃၆ ပါး၊ ရာခိုင်နှုန်းအားဖြင့် ၈၀ ရာခိုင်နှုန်းဖြေဆိုတော်မူကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။
တပ်ကုန်းမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မ(၆)ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များက ရက်အစဉ်အလိုက် ဆွမ်း၊ ဘောဇဉ်နှင့်အအေးများ ဆက်ကပ်လှူဒါန်းကြောင်း သိရသည်။
တင်စိုးလွင်