ညောင်ရွှေ ဧပြီ ၃
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကျင်းပသည့် ၂၀၂၃-ခုနှစ် (၁၃၈၄-ခု) အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲ ၁၆ရက်မြောက် နောက်ဆုံးနေ့ဖြေဆိုခြင်းကို ရှမ်းပြည်နယ် ညောင်ရွှေမြို့ ရွှေရတုဆွမ်းစားကျောင်း၌ ယနေ့ နေ့လည် ၁၂ နာရီက ဆက်လက်ကျင်းပဖြေဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲတွင် ယနေ့ပထမကြီးတန်း ဝင်ရောက်ဖြေဆိုသည့် သံဃာတော်(၃၃)ပါး၊ သီလရှင်ဆရာလေး(၃)ပါး စုစုပေါင်း(၃၆)ပါးရှိကြောင်း၊ စာမေးပွဲကို မတ်လ(၂၁)ရက်နေ့မှ စတင်ကျင်းပခဲ့ရာ ယနေ့နောက်ဆုံးဖြစ်ကြောင်း၊ စာမေးပွဲ ကြီးကြပ်ရေးအဖွဲ့ ဆရာတော်များနှင့် စာဖြေသံဃာတော်များ၊ စာပွဲတော်ဆိုင်ရာ လူပုဂ္ဂိုလ်များအား မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စိုင်းအယ်ဘဲ