ဇမ္ဗူသီရိ ဧပြီ ၃
စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့် အတွေးအမြင် ဗဟုသုတများကို စာဖတ်သူ အချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက စာရေးဆရာ ဟန်ညွန့်(ယဉ်ကျေးမှု) ရေးသားသည့် “ဘုံဆိုင်ရှေ့အလှူခံ” စာအုပ်ဖြင့် ယနေ့နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိ မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာစိုးနှင့် စာရေးဆရာများ၊ စာရေးဆရာမများဖြစ်ကြသည့် ဦးဟန်ညွန့်(ဟန်ညွန့်-ယဉ်ကျေးမှု)၊ ဦးစောမျိုးအောင် (အိုင်ပီမျိုးအောင်)၊ ဦးအောင်ဝေ (အောင်ဝေ-ညောင်ခြေထောက်)၊ ဒေါ်ခင်ငြိမ်းအေး (မေချို-ပျဉ်းမနား)၊ ဒေါ်ချယ်ရီအောင်သန်း(ချယ်ချယ်-YU)၊ ဦးစောဦး(ဈာန်-စွမ်းအင်)၊ ဦးကျော်ကျော် (ဗကျော်-နေပြည်တော်)၊ ဒေါ်မြင့်မြင့်စန်း (တိမ်တိုက်ပန်းချီ-ပျဉ်းမနား)၊ ဦးဌေးအောင် (အောင်ဆွေထက်-ချွေးမြို့တော်)၊ ဦးရဲလင်းအောင် (မောင်လေပြေ-တောင်တွင်း)၊ ဒေါ်ခင်နန်းဦး (နန်းနန်း-စပါးကျီ)၊ ဒေါ်နန်းဝင်းဝင်း(ရဿဝတီမေနန်း)၊ ဦးလင်းထွဋ် (ကိုလင်း-အညာမြေ)၊ ဦးကျော်လွင် (ကျော်လွင်မြင့်-မှော်ဝန်း)၊ ဒေါ်နှင်းနှင်းဝင်း (လိုင်ဟူးနား)၊ ဦးခင်မောင်ကျော် (ရဲမွန်ကျော်)၊ ဒေါ်နှင်းနှင်းလွင်(လုံမငယ်-လူမှု)၊ ဦးဌေးဦး(နွေဦးကိုကို) နှင့် စာပေဝါသနာရှင်တို့က “ဘုံဆိုင်ရှေ့အလှူခံ” စာအုပ်တွင် ပါဝင်သည့် အကြောင်းအရာအချက်အလက်များကို မိမိတို့၏ ဘဝအတွေ့အကြုံများနှင့်ယှဉ်ကာ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)