ကာမိုင်း ဧပြီ ၃
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့နှင့် လီဒိုလမ်းကြောရှိကျေးရွာများတွင် လျှပ်စစ်မီး မရရှိသေးသော ဒေသခံပြည်သူများအား ဆိုလာနှင့်ဆက်စပ်ပစ္စည်းများကို ဧပြီ (၁)ရက်မှ (၂)ရက်ထိ တာ၀န်ရှိသူများမှ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပစ္စည်းကို ကာမိုင်းဘက်ခြမ်းမှ ကျေးရွာ(၃)အုပ်စုနှင့် လီဒိုလမ်းကြောမှ ကျေးရွာ (၃)အုပ်စုများကို မြို့အထွေထွေအုပ်ချုပ်ရေးမှူးမှတစ်ဆင့် ရပ်/ကျေးစာရေးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုနောက် ကာမိုင်းဘက်ခြမ်းမှ မီးမရရှိသေးသော နန့်စီးအင်၊ ဂေါ်ရီ၊ ကထန်ယန်ကျေးရွာအုပ်စုနှင့် လီဒိုလမ်းကြောရှိ ဝါရာဇွပ်၊ ဒွန်ဘန်၊ နောင်းမြီကျေးရွာတို့တွင် ဆိုလာ(၆)ခုနှင့် ဆက်စပ်ပစ္စည်းများကို နေအိမ်အရောက် သွားရောက်ထောက်ပံ့ပေအပ်းခဲ့ကြောင်း သိရသည်။
လဆိုင်း(ပြန်/ဆက်)