ကလော ဧပြီ ၃
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ဧပြီ(၁)ရက်နံနက်(၁၁)နာရီခွဲက ကလောမြို့နယ်ခန်းမ၌ ကလောခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်မိ၊ရပ်ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြအောင်ဌေး(ခရိုင်အုပ်ချုပ်ရေးမှူး)က ဒေသဆိုင်ရာအချက်အလက်များရှင်းလင်းတင်ပြပြီး ကလောမြို့၊ ဟဲဟိုးမြို့ရေရှိရေးကို ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းနှင့် ကလောမြို့နယ်စည်ပင်သာယာရေးဌာန အင်ဂျင်နီယာမှူး ဒေါ်အေးခိုင်စိုး၊ ဦးညီညီသန့်တို့မှ ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ တက်ရောက်လာသော ရပ်မိ၊ရပ်ဖများမှ ဒေသလိုအပ်ချက်များတင်ပြကြရာ သက်ဆိုင်ရာပြည်နယ်အဆင့် ဌာနဆိုင်ရာနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးတို့က ဖြေရှင်း ဆောင်ရွက်ပေးခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကလောခရိုင်၊ မြို့နယ်ဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးကပေးအပ်ရာ ကလောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြအောင်ဌေးမှ လက်ခံရယူကြောင်း သိရသည်။
မောင်မောင်သန်း (တောင်ကြီး)