ကွမ်းခြံကုန်းမြို့နယ်၌ စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

ကွမ်းခြံကုန်း ဧပြီ ၃

ရန်ကုန်တိုင်းတိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် စူဠဘွဲ့နှင်းသဘင် ဆက်ကပ်ပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က ကွမ်းခြံကုန်းမြို့နယ်  ကံကြီး/မကျီးရပ်ကွက် ဇေယျာသိမ်ကျောင်းတိုက်တွင်  ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲနှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ဖများနှင့်စေတနာရှင် အလှူဒါယိကာ၊ ဒါယိကာမများက “နမောတဿ” (၃)ကြိမ်ရွတ်ဆို အခမ်းအနားဖွင့်လှစ်ပြီး  မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌဆရာတော်

ဦးပဏ္ဍတထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။

ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ထွန်းက သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား လျှောက်ထားပြီးနောက် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် စာအောင်သံဃာများအား စာအောင်လက်မှတ်နှင့် လှူဖွယ်ဝတ္တူများဆက်ကပ်ရာ  ပထမကြီးတန်း(၁)ပါး၊ ပထမလတ်တန်း(၆)ပါးပထမငယ်တန်း(၃)ပါး၊ အခြေပြု  မူလတန်း (၄၀)ပါး၊ နိကာယ်အောင် သံဃာ(၇)ပါးနှင့် သီလရှင်(၂)ပါးကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဆက်လက်ပြီး မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌ ဆရာတော်ဦးပဏ္ဍတက တရားတော်များ ဟောကြားချီးမြှင့်ခြင်းနှင့် လှူဖွယ်ဝတ္ထုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး “ဗုဒ္ဓသာသနံ စိရံတိဌတု” (၃)ကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ဆွေနွယ်(IPRD)