ညောင်ဦး ဧပြီ ၃
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် နတ်ပလင်ကျေးရွာ အာလောကာရာမ ဘုန်းတော်ကြီးကျောင်းသို့ ဝေမျှခြင်းပရဟိတမိသားစုက ယနေ့နံနက် ၁၀ နာရီခွဲအချိန်က သောက်သုံးရေဂါလံ ၁၆၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာရေအလှူတော်အသင်း တာဝန်ရှိသူများထံက သိရသည်။
ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ၊ တဲတိုက်၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းများသို့ သောက်သုံးရေအလှူခံလာပါက ဝေမျှခြင်းပရဟိတအသင်းက သွားရောက်လှူဒါန်းလျက်ရှိရာ ယနေ့တွင်လည်း နတ်ပလင်ကျေးရွာ အာလောကာရာမ ဘုန်းတော်ကြီးကျောင်းသို့ သောက်သုံးရေ ဂါလံ ၁၆၀၀ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း