မြစ်ကြီးနားမြို့၌ ဖုန်းအားသွင်းရာမှ မီးပလပ်ခုံအပူလွန်ကဲ၍ အဆောက်အဦ(၂)လုံး မီးလောင်ဆုံးရှုံးမှုဖြစ်ပွား

မြစ်ကြီးနား ဧပြီ ၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဒူကထောင်ရပ်ကွက်တွင် ဖုန်းအားသွင်းထားရာမှ မီးပလပ်ခုံအပူလွန်ကဲမှုကြောင့် ဧပြီ ၃ ရက် နံနက် ၉ နာရီခွဲက အဆောက်အဦ(၂)လုံး မီးလောင်ဆုံးရှုံးမှု ဖြစ်ပွားကြောင်း ခရိုင်မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။

မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းမှာ ဒူကထောင်ရပ်ကွက်ရှိ ဦးယော်ထုန်၏ နေအိမ်အပေါ်ထပ်တွင် ဖုန်းအားသွင်းထားရာမှ မီးပလပ်ခုံ အပူလွန်ကဲမှုကြောင့် (၃၀×၂၀) ပေ၊ သွပ်မိုး၊ ထရံကာ၊ (၂)ထပ် လူနေအိမ် (၁)လုံးနှင့် (၁၈×၂၇) ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက်၊ မီးဖိုဆောင် (၁)လုံး မီးလောင်ဆုံးရှုံးခဲ့သည်။

အဆိုပါ မီးလောင်မှု ဖြစ်ပွားရာသို့ မြစ်ကြီးနားခရိုင်မီးသတ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်လင်း ဦးဆောင်၍ သန္ဓေ(၂၄)ဦး၊ အရန်တပ်ဖွဲ့ဝင် (၅)ဦးနှင့် ရပ်ကွက်နေပြည်သူများက မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ ရေသယ်ယာဉ် (၃)စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်းနှင့် လူနှင့်တိရိစ္ဆာများ ထိခိုက်ဒဏ်ရာရရှိ သေဆုံးမှုမရှိကြောင်း သိရ သည်။

ခရိုင်(ပြန်/ဆက်)