ပေါင် ဧပြီ ၃
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာများအား အောင်လက်မှတ်ဆက်ကပ်ပူဇော်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်သာသနာ့ဗိမာန်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတက်ရောက်လာကြသူများမှ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ကြပြီးနောက် မြို့နယ်သံဃနာယကဆရာတော်ထံမှ ငါးပါးသီလခံယူတည်ဆောက်ကြသည်။
ဆက်လက်၍ ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်မှ သာသနာရေး ဆိုင်ရာများကို လျှောက်ထားခဲ့သည်။
ထို့နောက် ၂၀၂၂ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့သော စာအောင်သံဃာ(၅၉)ပါးနဲ့ သီလရှင်(၂)ပါးတို့ကို တာဝန်ရှိသူများမှ ဘွဲ့တံဆိပ်စာအောင် လက်မှတ်များနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီးနောက် သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)