မိုင်းတုံ ဧပြီ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် ကာကွယ်တားဆီးရေးရာ ကော်မတီအဖွဲ့မှ ယနေ့နံနက်ပိုင်းက ညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပခဲ့သည်။
ရှေ့ဦးစွာ မြို့နယ်ရဲမှူး မြင့်အောင်က နွေရာသီကျောင်းပိတ်ရက် ကာလတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်လေ့လွှင့်မှုမရှိစေရေးနှင့် လမ်းမှားမရောက်ရှိစေရေး၊ ဗဟုသုတရရှိစေရန်ရည်ရွယ်၍ ဒီနေ့ မြိုနယ်မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ အန္တရာယ် ကာကွယ်တာဆီးရေးကော်မတီအဖွဲ့နဲ့ ညှိနှိုင်းအစည်းအဝေးကျင်းပရခြင်းဖြစ်ကြောင်း၊ အဓိကပညာရေး၊ ပြန်/ဆက်တို့နဲ့ပူးပေါင်းပြီး အ.ထ.က မိုင်းတုံစာသင်ကျောင်းတွင် ပန်းချီ၊ပိုစတာ၊ ကွန်ပျူတာပန်းချီ၊ ကာတွန်းပြိုင်ပွဲများပြုလုပ်ရာတွင် Great (5),Great (6),တစ်ဖွဲ့၊Great (7) Great (8), တစ်ဖွဲ့နှင့် Great (9), Great (10)တစ်ဖွဲ့ အဆင့်(၃)ဆင့်သတ်မှတ်ပြီး မူးယစ်နဲ့ပတ်သတ်သည့် ခေါင်းစဉ်(၇)ခုပေးပြီး ကြိုက်နှစ်သက်ရာကို(၁၁-၄-၂၀၂၃)ရက်နေ့ နံနက် (၉း၀၀)နာရီ အချိန်တွင်ယှဉ်ပြိုင်ရမှာဖြစ်ကြောင်း၊ ပန်းချီ၊ပိုစတာ ရေးဆွဲချိန်၊ (၃)နာရီပေး ထားပြီး၊ ကာတွန်းရေးဆွဲချိန် (၂)နာရီသတ်မှတ်ပေးရန်ဖြစ်ကြောင်း လိုအပ်သည့်စာရွက် စာတမ်းများ၊ဆု များကိုလည်း ကျွန်တော်ကဘဲ စီစဉ်ပေးသွားမှာဖြစ်ကြောင်း၊ ဆုအနေနဲ့လည်း နစ်သိမ့်ဆု(၂)ဆုအပါအဝင်(၅)ဦးအထိဆုပေးသွားမှာဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်ရလဒ်များကိုလည်း ကော်မတီအဖွဲ့အားလုံးက ပူးပေါင်းပါဝင်ပြီး အရည်အသွေးပြည့်မှီပြီး သတ်မှတ်ထားသည့် စံအတိုင်းရွေးချယ်ပေးကြရန် စသည်တို့ကိုဆွေးနွေးပြီးနောက်၊ မြို့နယ်ပညာရေးမှူး ဦးကျော်ဇံဝေကလည်းကောင်း၊ မြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းခိုင်ကလည်းကောင်းလိုအပ်သည်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်