ပင်လောင်းမြို့တွင် မွေးစမှ အသက် (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ် ဆေးထိုးနှံပေးခြင်းနှင့်ဆေးတိုက်ကျွေးခြင်း လုပ်ငန်းများဆောင်ရွက်

ပင်လောင်း ဧပြီ ၃

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးဌာနတွင် ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် ပင်လောင်းကြီးကျေးရွာအုပ်စုအတွင်းရှိ မွေးစမှ အသက်(၂)နှစ်အောက်ကလေးသူငယ်များနှင့်ကိုယ်ဝန်​ဆောင်မိခင် များအားပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများကို   ဆောင်ရွက် ပေးခဲ့သည်။

 အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေးရာတွင်  အသက်(၂)နှစ် အောက်ကလေး ငယ်များအား ဘီစီဂျီ၊ ပြင်းထန် ဝမ်းပျက် ဝမ်းလျှော (ရိုတာ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ် ဆေး)၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်- ဂျိုက်သိုး စသည့်ကာကွယ်ဆေး (၈)မျိုးကို တိုက်ကျွေး၊ ထိုးနှံပေးခြင်း၊ ကလေးကိုယ်အလေးချိန် တိုင်းတာပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခဲ့​ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်