ကျိုက်မရော ဧပြီ ၃
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေး ပွဲအောင်မြင်တော်မူကြသည့် စာအောင်သံဃာတော်များအား စာအောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်လှူဒါန်းသော စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျိုက်မရောမြို့ ဒက္ခိဏာရာမိက ဗိမ္မာန်တော်၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားကို “နမောတဿ”သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ကျိုက်မရောမြို့ သြဝါဒစရိယ ဆရာတော်ဘုရားနှစ်ဆူကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက် တည်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုးဦးမှ သာသနာရေးဆိုင်ရာများ လျောက်ထားပြီး ၂၀၂၂ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ၌ အောင်မြင်တော်မူကြသည့် စာအောင်သံဃာတော်(၃၁)ပါးတို့အား စာအောင်လက်မှတ်နှင့် စာအောင်ဆုများအား တစ်ပါးချင်း ဆက်ကပ်ပေးကာ သြဝါဒစရိယဆရာတော်ကြီးများနှင့် ကြီးကြပ်ရေး ဆရာတော်ကြီးများအား လှူဖွယ်ဝတ္တူပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက်သြဝါဒစရိယ ဆရာတော်ကြီးက အနုမောဒနာတရားချီးမြှင့်၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံ တိဠတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍အခမ်းအနားကို ရုပ်သိမ်းကာ သြဝါဒစရိယ ဆရာတော်များ၊ ကြီးကြပ်ရေးဆရာတော်(၁၆)ပါးနှင့် စာအောင်သံဃာ(၃၁)ပါးတို့အား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္တူများကို လောင်းလှူခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)