တပ်ကုန်းမြို့၌ ပါဠိပထမပြန် စာမေးပွဲဖြေဆိုတော်မူသော သံဃာ၊ သီလရှင်များနှင့် ကြီးကြပ် ဆရာတော်များအား ဌာနဆိုင်ရာများက ဆွမ်း၊​​ ဘောဇဉ်များ ဆက်ကပ်လှူဒါန်း

တပ်ကုန်း ဧပြီ ၃

ပြည်ထောင်စုနယ်မြေ၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ဗိုလ်မင်းရောင်ရပ်ကွက်၊ အောင်ဆန်းခန်းမ စာဖြေဌာနတွင် ပါဠိပထမပြန်စာမေးပွဲဖြေဆိုမည့် စာဖြေသံဃာတော်များ၊ သီလရှင်များ၊ စာမေးပွဲ ကြီးကြပ်ရေးဆရာတော်ကြီးများ၊ အထူးကြီးကြပ်ရေးဆရာတော်ကြီးများ၊ ဩဝါဒစရိယဆရာတော်ကြီးများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အလှူရှင်များ ယနေ့ နံနက် ၁၀ နာရီခွဲက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။

အဆိုပါလှူဒါန်းမှုအား တပ်ကုန်းမြို့၊ ရွှေအင်းရိပ်သာကျောင်းတိုက်ဆရာတော်၊ နိုင်ငံတော် သံဃာ့ဗဟိုဝန်ဆောင်အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တပညာသာမိက ဆွမ်းအနုမောဒနာ တရားဟောကြားခဲ့ပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။ 

ပါဠိပထမပြန်စာမေးပွဲတွင် ပထမကြီးတန်း ဖြေဆိုတော်မူကြသော သံဃာတော်များ၊ သီလရှင်များ စာဖြေဆိုနေမှု အခြေအနေများကို တပ်ကုန်းမြို့၊ ရွှေအင်းရိပ်သာကျောင်းတိုက် ဆရာတော်၊ နိုင်ငံတော်သံဃဗဟိုဝန်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တပညာသာမိ၊ တပ်ကုန်းမြို့၊ ဗိုလ်မင်းရောင်ရပ်ကွက်၊ ဘုရားနီကျောင်းတိုက်၊ နေပြည်တော် သံဃနာယကအဖွဲ့၊ အကျိုးတော်ဆောင် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ပညာသီရိ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး နိုင်လင်း၊ အဖွဲ့ဝင် (၂) ဒေါက်တာခင်မောင်ထွန်း၊ အဖွဲ့ဝင်(၃) မြို့နယ်လဝကဦးစီးမှူး ဦးထွန်းထွန်းမင်း၊ မြို့နယ်သာသနာရေးမှူး ဦးနီ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးအောင်မြင့်မိုးတို့က လိုက်လံကြည့်ရှုပူဇော်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်