အသက် ၂ နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းဆောင်ရွက်

ကော့မှူး ဧပြီ ၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊  ကော့မှူးမြို့နယ်တွင် အသက် ၂ နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့သစ်ရပ်ကွက်မူကြိုကျောင်း၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက မွေးကင်းစမှအသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား အသည်းရောင်အသားဝါ(ဘီ)၊ ဆုံဆို့ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာဗိုင်းရပ်ကာကွယ်ဆေး)၊ ပြင်းထန် အဆုတ်ရောင်(ပီစီဗီ)၊ ဝက်သက်ဂျိုက်သိုး သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး၊ ပိုလီယိုရောဂါ ကာကွယ်ဆေးစသည့် ကာကွယ်ဆေးများကို တိုက်ကျွေးထိုးနှံပေးနေကြောင်း သိရသည်။

ကျော်သူရ(ကော့မှူး)